သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .

Sunday, September 12, 2010

မင်းလူမဖြစ်သေးဘူး


သူ့ အရွယ်နဲ့ သူ
မင်းကို ငါစောင့် ကြည့် ခဲ့ 
ပြောဆိုလို့ ခက် ပြန်မပြောနားမထောင်
ခလေး ဘ၀ မင်းအပြုမှု
အကျင့် နာမည် အပျက်မဟုတ်
အကောင်းကြီးလဲ မပါ
ဆိုးတော့ မဆိုး ကျေနပ်တယ်..၊

လူလတ် အရွယ်
မဆိုးပါဘူး သာမန် လူသား
ကိုယ်ခြေ ပေါ်
ဟန်လုပ်တာတော့ မဟုတ်တန်ရာ
မင်းဆီက မမျှော်
မင်းဘ၀ မင်းရပ်တည် ရှင်သန်နှိင်တာ
ဖြေသာပါတယ်..၊

တွေ့ ကြုံ အခက် မငြီး အပှု မကပ်
မဆိုးဘူး ငယ်ငယ်ကလို ခေါင်းမာတုန်း
တွေးခေါ် စိတ်ထား သိတတ်တယ် ပဲ ဖြေမိတယ်..၊

ဒါပေမဲ့ မင်း
လူဘ၀အခြေခံ လိုတဲ့ နေရာ
သူအရွယ်နဲ့ သူ ဖြစ်စဉ်အားလုံး
သဘာဝတရား သိသိရက်နဲ့  မင်းမလုပ်နှိင်
လူဘ၀ဖြစ်စဉ်
အချိန်ကုန် ကျော်လွှား ကြာကြာလာတော့ 
မင်းလူမဖြစ်သေးဘူး..။

06 April 2008 02:12am + 03 Sep 2010 11:34pm

Labels:


Share


  Pervious post   »
1   2   3   4   5   6   7   8   9   10   posts list
HOME Top