သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .

Friday, May 21, 2010

တခါက ငါ့ အိမ်မက်

တခါက ငါ့ အိမ်မက်

တခါက အိမ်မက်ဆိုး
ငါ လူ ခန္ဓာလွတ်လပ်ပေမဲ့ 
နေ့ ည ခေါင်း မီးတောက် နေပေမဲ့ 
သူ တယောက်စိက် ဆင်းရဲ သက်သာဖို့ ရာ
အေးဆေး ဘာမဆို အဆင်ပြေ ပါ တယ် . . .



ငါအဆင် ပြေအောင် ရုန်းနှိင် ပါ့ မလား
ညည အိပ်မရ လန့် လန့် နှိုးတဲ့ 
ညတွေ နေ့ တွေ
နေ့ မရှိ ညမရှိ ...



နေ့ ချိန် ညချိန် အချိန်မှီ ပြေးလွှား
ဇီးသံပုရာ နဲ့ လေလား
သုံးမျိုးရော ကျောက်ကျော လေလား
ဒိန်ချည်လေလား
ကြံရည်လားပေါ့ 
မပြက် ကွက်ခဲ့ ပါ တနေ့ တည မှ...



အချိန်တန် နှုတ်ဆက် အိမ်ပြန်နောက်
နောက် နေ ထွက် မှာ စိုးကြောက်တယ်
ပြာသနာတွေ ရှင်းနိင်ဖို့  လိုတယ် အချိန်တွေ
ရန်တွေ ရန်တွေ ရပ်နေဖို့ အချိန်ကို
ရပ်နေ စေချင်ခဲ့  ...



အော် မတရား
သူ့  အချိန် မြန်မြန်ကုန်
ဒီအချိန် မြန်မြန် လွန်မြောက်ပါစေ ...



တနေ့ 
သေကြ ရမယ် လို့  လူတွေသိနေပေမဲ့ လည်း
တကယ် တကယ် မထင်မှတ်ချိန်မျိုးက ပိုတုန်လူပ် စေမြဲ
ငါ့ အိပ်မရ လန့် လန့် နှိုးတဲ့ ည
သူ ရင်က ည ည အမှန်သိမြင်ရချိန် . . .

ဒါပေမဲ့  သေတာပဲလား
ပေါတာကြီးလား
ငါ မည်သည့် အမှန်ဖြစ်စဉ်ကိုမဆို ရင်ဆိုင်ဆဲပါ ...




ငါ နေ့ ချိန် ညချိန် အချိန်မှီ ပြေးလွှား
ဇီးသံပုရာ နဲ့ လေလား
သုံးမျိုးရော ကျောက်ကျော လေလား
ဒိန်ချည်လေလား
ကြံရည်လားပေါ့ 
မပြက် ကွက်ခဲ့ ပါ တနေ့ တည မှ...



အရာရာ မပြောင်း
အားငယ်ဆဲပါ အားပေးမြဲပါ
သေလူ ပေါတာကြီး ငါ လည်း
အိမ်မက်ဆိုးတွေ ဆက်နေမြဲပါ
မေ ၂၁ တဲ့ 
မေ ၂၁ ငါ နှိုးထ နိင်ကောင်းရဲ့ ...



အိပ်မက် နှိုးထနိင်ခဲ့ တယ်လား
တနှစ်ပြည့်  တော့ ခဲ့  ပြီ
သို့ ပေငြား ညည အိပ်မရ အမွေဆိုးတွေ ရိုက်ခက်ဆဲ ...၊၊

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< asoonyouk page


  Pervious post   »
1   2   3   4   5   6   7   8   9   10   posts list
HOME Top