သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Sunday, December 30, 2012
အသိ မှသည်
သိရုံနဲ့  ရွတ်ဖတ်ရုံနဲ့ ဘာမှမဖြစ်နိင် ဟုဆိုကြ၏
သိရုံနဲ့  ပြောင်းမသွား နိင်ပါဘူးဟု ဟုဆိုကြ၏
သိရုံနဲ့  မရ ရှာယူမှ လုပ်ယူမှ ဟုဆိုကြ၏
လက်တွေ့  ဟုသည် သိခြင်းနဲ့ မရ ဟုဆိုကြ လေကုန်၏
မှန်၏ 
သိရုံသိ နားမလည် သိသာသိ ရသ မမြောက် သေးသ၍
အသိနှင့်  အသွေးသား တထပ်တည်း အလား သဏ္ဌာန် မတူသေးသ၍ ။
ကမ ၻာၾကီး လုံးသည္ဟု သိ၏
၎င်း အသိမှာ ကိုယ်တိုင် မျက်လုံးဖြင့် တတ်အပ် မြင်ခြင်းမဟုတ်
ကိုယ်တွေ့ မဟုတ် လက်တွေ့ မဟုတ်
တစုံတဦးက ကမ္ဘာကြီး ပြားသည် ဆိုစေအံ
လက်မခံက သတ်မည်
သေ၍သာ သွားမည် အသိ ကိုကား ပြောင်း မပစ်နိင်တော့ ပါ
အသိနှင့်  အသွေးသား တထပ်တည်း သဘောဆောင်၏ ၊
လူနင့် တရိစ္ဆာန် ဘာကွာခြား
လူသည် အသိဥာဏ်ရှိ၏ တရိစ္ဆာန် အသိဥာဏ် နိမ့် ၏(သို့ )မရှိ၏ ဟုဆိုလေ၏
မှန်၏
ဟုမဆို အသိဥာဏ်ရှိရုံ သာရုံ နဲ့ မဟုတ်
လူစင်စစ်ဟုသောဂုဏ် ထူးခြားသော သတ္တိ
သားအမိ မောင်နှမ သမီးအဖ မည်သို့ သောအခါမျှ မဖေါက်ပြား
လူဟုသည် အသိဥာဏ်ရှိ၏ ဆိုရုံဖြင့် မလုံလောက်သည်က အသေချာ
အိုး
လူ့ အသိုင်းဝန်းကြောင့် ဆိုချင်ကြလေကုန်၏
လူ့ ယဉ်ကျေးမှုကြောင့် ဆိုချင်ကြလေကုန်၏
မွေးလျှင်မွေးခြင်း ကွဲ /ခွဲခဲ့ သော မောင်နှမ၊ အမြွှာမောင်နှမ၊သားအမိ
လူ့ အသိုင်းဝန်း တွင်ရှိနေသမျှ
အချိန်တန် တနည်းနည်းပြန်လည်ဆုံတွေ့ ဆိုအံ
သတ္တ သဘော လွန်ဆန်နိင်မည်ဟု မည်သူမျှမပြောနိင်
၎င်းတို့ အား အသိ အဖြစ်မှန်အသိ သိစေ ဆိုအံ
ယင်းအသိ ခိုင်မာသည်နင့်  တပြိုင်နက်
အပြောင်းကြီး ပြောင်းသွားပေလိမ့် မည် အသေချာ
လူစင်စစ်ဟုသောဂုဏ် သတ္တိဟုဆိုဆို
မည်သို့ ပင်ဆိုစေ သေချာသည်က
မည်သို့ သောအခါမျှ မဖေါက်ပြား တော့ 
ယင်းစိတ်မျိုး တဖန်ပြန် မပေါ်ပေါက်တော့ 
အသိက အပြီး ပယ်သတ်လိုက်နှိင် ခြင်း အလားသဏ္ဌာန်တူ၏
သိရုံနဲ့ ပင် ပြောင်းလဲကြီး ပြောင်းလဲသွားခြင်းမည်၏
(လူစင်စစ်ဆိုရာ လူစင်စစ်မဟုတ်သော လူများရှိကောင်းရှိနိင်၏) ။
အသိနှင့်  အသွေးသား တထပ်တည်း သဘော ဆိုရာ
သူသဘောနင့် သူ လွတ်လပ်မူနင့် 
တထပ်တည်း တပြိုင်နက် ထပ်တူ ဖြစ်ခြင်းသဘောရှိ၏ ၊
မြက်ခင်းပေါ်မနင်းရ၊ ဂွမ်းတံတွေး မထွေးရ
သတိပေးစာ မြင်၍ မနင်း မထွေး ခြင်းသည်
ဘုရားကျောင်းကန် သွား၍ ဥပုဒ် သီလခံ
တရားရိပ်သာတွေ သွား၍ တရားစခန်းဝင်ခြင်း အလားသဏ္ဌာန်တူ၏ ၊
အသိနှင့်  အသွေးသား တထပ်တည်းမည်လျှင်
လွတ်လပ်မူ သဘော ဆောင်၏ တိုက်တွန်းနှိုးဆော်ရာမရှိ
စည်းကမ်း(အမှန်) သည်အသိ ရသသိ ဥာဏ်သိ ဖြစ်
ရှေ့ တွင်လဲ မနင်း မထွေး ကွယ်ရာ၌လည်း မနင်း မထွေးတော့ 
မည်သည်အကြောင်းနဲ့ မှ မပြုလုပ်တော့ 
သတိပေးစာ ရှိမရှိနင့် လားလားမဆိုင်၊
အခါ ဒေသ မမှီ သင်ယူသိ အံသိ နာယူသိ ဥာဏ်သိ ဖြစ်
သီလ သည်လည်း မည်သည့်  အကြောင်းနဲ့ မှမပျတ်
အထူးတလှယ် လုပ်ယူစောင့် ထိန်းရန်မရှိ
နေရာတိုင်း အခါမရွေး မည်သူသိသိ မသိသိ ကိုယ့် သဘောနင့် ကိုယ်
အသိနှင့် တသားတည်း ဖြစ်နေ၏ ၊
သူတပါး အသိအမှတ်ပြုစေလို နေသေးသမျှ
သူတပါး မြောက်ပင့် ချီးမွမ်း ခံလို နေသေးသမျှ
တစုံတဦး၏ ဂုဏ်ပြုခံလို နေသေးသမျှ၏
ကြွားဝါ ထင်ပေါ်လို နေသေးသမျှ
တစုံတရာ မျှော်ကိုး နေသေးသမျှ
အသိဖြစ်တည်နေခြင်း ၌ လွတ်လပ်မူ သဘော ရသ မပါ
အသိနှင့်  အသွေးသား တထပ်တည်း မဖြစ် မမည်
ဟန်ဆောင်ခြင်း မကင်း အဓမ္မ လုပ်ယူခြင်း အလားသဏ္ဌာန်တူ၏
အိုး လူပဲ
လူဟုသည် အသိအမှတ်ပြုစေလိုကြ၏
မြောက်ပင့် ချီးမွမ်းခံလို၏ ဂုဏ်ပြုခံလိုကြ၏ ဆိုက
၎င်း အသိအမှတ်ပြု ချီးမွမ်း ဂုဏ်ပြုပေးသူသည်
မိမိကိုယ် တိုင်ပင် ဖြစ်ပါလိမ့် မည်
ဗုဒ္ဓ ဘုရားရှင် ဖွားတော်မှု ပြီးနောက်
ကိုယ်တော်တိုင်
"ငါသာလျှင် အတော်ဆုံး-ငါသာလျှင် အသာဆုံး-ငါသာလျှင် အမြတ်ဆုံး"ဟု
ကြွေးကြော်ခဲ့ သည်ဟုဆိုလေ၏ ။ ။
၂၀၁၂ နောက်ဆုံးနေ့  တနေ့ အလို
၃၀-၁၂-၂၀၁၂
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Wednesday, November 28, 2012
တော်သေးတာပေါ့ 
"ထမင်းတလုပ် ရေတလုပ် ...
လက်သီးဆုပ်လေး လက်မရွယ် ကစ
လေးဘက်သွား လမ်းလျှောက် အလယ် ကြီးပြင်းဖို့ ရာ ရောက်
ထမင်းတလုပ် ရေတလုပ် ကျွေးမွေးခဲ့ ရတာ လွယ်တာ မဟုတ်တဲ့ "
မိခင် ပြောခဲ့ ဖူးသော စကားတချို့ ၊
အကျွန်နှပ် ဘာများထူး
ဘာမဖြစ်ခဲ့   ဖြစ်ခဲ့  ဘာဖြစ်ခဲ့  ဖြစ်ခဲ့  ဘာများထူး
မထူးပါဘူး မထူးပါဘူး
နှိင်ငံကျော် ကမ္ဘာကျော် မီလျှံနာ ဘီလျှံနာ ဖြစ်ခဲ့  ဖြစ်ခဲ့ ဘာများထူး
ခု မိခင်လည်း မရှိပြီ ၊
အလှည့် တဖန် ထမင်းတလုပ် ရေတလုပ်
သူတို့ လေးတွေ ဘာဖြစ်လာ ဖြစ်လာ ဘာများထူး
ဘာမှ မထူးဖူး မထူးဘူး ။
"ငါ မရှိရင် မဖြစ်ဘူး" တဲ့ 
ပြောတတ်ကြပါ၏ လူတော်များများ
မိခင်သည်လည်းပြောခဲ့ ၏
ဖိုးဖွါး ဘီဘင်တွေလည်းပြောခဲ့ လိမ်မည် ထင်၏
ယခု မှာ သူတို့ အားလုံး ပျောက်ကွယ်ပြီးလေကုန်၏ ၊
အဖေ မရှိလည်းဖြစ်၏ အမေ မရှိလည်းဖြစ်၏
ညီကို မောင်နှမ မရှိလည်းဖြစ်၏  မိတ်ဆွေ သူငယ်ချင်း မရှိလည်းဖြစ်၏
သူ မရှိလည်းဖြစ်၏
ကျွန်နှပ် မရှိလည်းဖြစ်၏
အို ... ဘာမှ မရှိလည်း ဖြစ်သည် ဖြစ်၏ ။
    "ဟင့်  နင်ဟာက
    ဘာမှမထူး ဘာမှမလုပ်နဲ့ ပေါ့ တဲ့ 
    သေလိုက်ပေါ့ တဲ့ 
    လောကကြီးကို စိတ်ပျက်လက်ပျက်နဲ့ 
    ရည်ရွယ်ချက်မရှိ အလကားလူ၊
    ဟင်း ...
    ဘယ်သူမှ မရှိ ဘာမှ မရှိလည်းဖြစ်တယ်တဲ့ 
    ကြီးကြီးကျယ်ကျယ် တယောက်ထဲနေပေါ့ တဲ့ 
    အဆိုးမြင် အထီးကျန်သမား . . . . . ."
ဘုရား-ရဟန္တာ တို့ သည် ယခုဘ၀ အဆုံး
ပရိနိဗ္ဗာန် စံကြပါတော့ မည်
အရှင်မြတ်တွေ ပြုသမျှ ဆိုသမျှ မည်သို့ သော အကျိုးဖြစ်စေခြင်း မရှိပြီ
ဘာလုပ်လုပ် မလုပ်လုပ် ကိုယ်တော်တိုင်အတွက် မလိုအပ်ပြီ မထူးပြီ ဆိုနိင်ဖွယ်ရှိ၏ ၊
ဘုရား-ရဟန္တာ တို့ သည် ဆွမ်းခံကြွမြဲ
တရားဟောမြဲ ဆွေးနွေးမြဲ နာမြဲ
သြ၀ါဒပေးမြဲ ခံယူမြဲ ဝေယျာဝစ္စ လုပ်မြဲ စာအံမြဲ ဘုရားရှီခိုးမြဲ
ဘုရားရှင် တနေ့ တာ မှ ၄၅ ၀ါ
မနားမနေ လုပ်သင့် ခြင်းမှန်သမျှ လုပ်ရင်း
ဝရိယ ထက်ထက်သန်သန် နဲ့  နေသွားကြကုန်၏ တဲ့ ။
မည်သည် ဘ၀ မှန်သမျှ မထူး
လောက ဟုသည် သူ့ သဘောသူဆောင်၏
ဟု သိခြင်းနင့် အတူ
လုပ်သင့် လုပ်ထိုက် မှန်မှန်ကန်ကန် လုပ်ရာ၏ ဆိုသော်
အိုး ...
ဒီအဖ ရှိ၍တော်သေးသည် ဒီအမိ ရှိ၍တော်သေးသည်
ဒီညီကို မောင်နှမ ရှိ၍တော်သေးသည်
ဒီဆရာကောင်း သူငယ်ချင်း မိတ်ဆွေ ရှိ၍ တော်သေးသည်
သူ . . . ရှိ၍တော်သေးသည်
ဟူ ဖြစ်တည်လာရာ၏ ။
    "ဟေ့  ခလုတ်တိုက်တော့ မယ်
    ဟေ့  ဂျောက်ထဲကျတော့ မယ်"
    အစဉ် သတိပေး လာမည့် အသင့် အား
    အစဉ် ၀မ်းပန်းတသာ ကြိုဆိုနေ၏ ကျေးဇူးတင်၏
    ဗွတ်အိုင်လေး မြောင်းပုတ်လေး ကျော်လွှားဖို့  အသင့် အား
    အကျွန်နှပ် အစဉ် လက်ကမ်းပေးနေပါ၏
    မြင့် မိုလ်တောင်ထိတွဲခေါ်မှ
    မြင်မိုလ်တောင်ထိပ် ပွေ့ ခေါ်မှ ဆိုခဲ့ မည်ဆိုလျှင် . . . ။ ။
တန်ဆောင်မုန်း လပြည့်  (တန်ဆောင်တိုင်)
၂၈-၁၁-၂၀၁၂
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Tuesday, October 30, 2012
ဒုက္ခမှုချဉ်း
မပြုချင် မနေသာမှုဖြစ်၍ ပြုကြရသော အပြုအမှုမည်သည်
ဒုက္ခမှုချဉ်းသာတည်း ဟုဆိုလေ၏ ၊
ဒုက္ခ ကင်းခြင်းအကျိုးငှါ ပြုအမှုမည်သည် လည်း
သင်္ခါရဒုက္ခမှု စင်စစ်ဖြစ်၏  ဟုဆိုလေ၏ ။
တခုသော ပြုမှု မူ(သင်္ခါရ ဒုက္ခ)ကား
ဒုက္ခမှု ဧကန်တဖန်ပြန် ဖြစ်စေသော အကြောင်းရင်းဖြစ်နေပြီး ၊
တခုသော ပြုမှု မူ(သင်္ခါရ ဒုက္ခ)ကား
ဒုက္ခမှု ဧကန်ကင်းလွတ်ခြင်း ဖြစ်စေသော အကြောင်းဖြစ်နေ၏ ။
(ကိုး-လယ်တီ အနတ္တဒီပနီ)
သီတင်းကျွတ် လပြည့် 
၃၀-၁၀-၂၀၁၂
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Monday, September 3, 2012
အလောက ရသ
ရသ သည်
ရှိခဲ့ ခြင်း ရှိနေခြင်း ကြိုဖြစ်နှင့် ခြင်းမရှိ
ကာလ မှ ကင်းလွတ်ခြင်း သဘောရှိ၏
ထင်ရှားရှိပြီး  နေရာ ဒေသပေါ်မှီခြင်းမရှိ
နေရာဒေသ မှ ကင်းလွတ်ခြင်း သဘောရှိ၏
အလောကလွန် (လောကုတ္တရာ) သဘောဆောင်၏ ။
အလောက ရသ စစ်စစ်သည်
အရှိ အမှန် (ဒုက္ခ) ကိုကြည့် ၏
ပိုင်းခြားသိကာ ကိုယ်တိုင် ငြိမ်းခြင်း(သန္တိသုခ)  ဖြစ်လာခြင်း
အဓမ္မ (ဒုစရိုက်) အပြီးရှောင်ခြင်း
ဓမ္မ (သုစရိုက်) အပြီးဆောင်ခြင်း တပြိုင်နက် ပြီးစီး၏ ၊
အလောက ရသ အတုသည်
ဇာတ်လမ်း (ဘ၀) ကိုကြည့် ၏
ဇာတ်ကောင်ကဲ့ သို့ မိမိကိုယ်တိုင် ဖြစ်လာခြင်း
မှုလ ဇာတ်ကောင် အမှုအကျင့် ဆောင်ခြင်း
ဆန့် ကျင်ဘက် ဇာတ်ကောင် အမှုအကျင့် ရှောင်ခြင်း တပြိုင်နက် ပြီးစီး၏ ။
            ကိုး-ရသစာပေ၏ ရသ (ဦးရွှေအောင်)
" အသက် တနှစ် ကြီးလာပြန်ပေါ့ " ဟုဆိုကြ၏
နှိုင်းယှဉ်ခြင်းနင့်  ကား မှန်၏
အကျွနှုပ် အသက် "တနှစ်" ကြီးလာ၏
အနှိုင်းနင့် တူတူ ကြာလာခြင်း သဘောဆောင်၏
အချိန်သည် သူ့ သဘောသူဆောင်၏
အရာရာတိုင်း သူ့ သဘောသူဆောင်၏
ယခင် ယခု နောင် လည်းကောင်း
သူ့ သဘောသူ ဖြစ်ပျက် နေလိမ့် ၏ ။ ။
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Tuesday, August 7, 2012
ကြောင်း ကျိုး
အကြောင်း နှင့် အကျိုး
ပေါင်းဆုံ ယှဉ်တွဲ ဆက်စပ်မှု ကြောင့် သာ
ဖြစ် တည် ပျက်တုန်း ခြင်းရရှိ ဖြစ်ပေါ် နေ၏ ။
သို့ ဆိုလျှင်
တန်ဖိုး ရလဒ်တွေ ကောင်းမြတ် ဖို့ ရာ
အကြောင်း အဓိက မဟုတ်တလို
အကျိုး အဓိကလည်း မဖြစ်နှိင်တော့ ပေ ၊
အကြောင်း အကျိုး အပေါ်၌
အသိဥဏ်ဖြင့်  နှိုင်းချင့် ချိန်
အသုံးချနှိင်မှု ရှိမရှိ ပေါ်၌သာ
အဓိက ကျပေတော့ ၏ ။
ကိုး-ပဋ္ဌါန်းတရားတော်/ဥပနိဿယ
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Tuesday, June 26, 2012
ယှဉ်ဖက်
အကျိုးမျှော်ကိုးကြသော ပုထုဇဉ် လူသားအတွက်
အကြောင်းတရား တန်ဖိုးကို အကျိုးတရား၌သာ
ရှာဖွေရာ၏ ။
ဘ၀သံသရာ တွေကြုံ ဆုံစည်း ယှဉ်ဖက်ခြင်း
ကျေးဇူးပြုနိင်မှု အကြောင်း ၂ ချက်
ပုဗေ၀ သန္နိဝါသေန- အတိတ်က စိတ်တူကိုယ်တူ ပေါင်းသင်း နေထိုင်ခဲ့  ဖူးခြင်း၊
ပစ္စုပ္ပန္နဟတေနိ     - လက်တွေ့ ဘ၀ တဦးကျေးဇူး တဦးမေတ္တာဓါတ်တို့ ဖြင့် 
                           အပြန်အလှန် ဆက်ဆံနိင်ခြင်း၊
ကျေးဇူးပြုနိင်ခဲ သော သမ္ပယုတ်ဓါတ် ထောက်ရှု့ ခြင်းငှါ
မိမိ၏ သမ္ပယုတ်ဖက် ဘ၀ဖေါ်တို့ ကို သံသရာတလျှောက်
ပါရမီဖြည့် ဖက်အဖြစ် တန်ဖိုးထားကာ
အကြောင်းတစုံ တရာဖြင့် သော်လည်းစွန့် ခွာပစ်ပယ်ခြင်း မပြု ။
ကိုး- ပဋ္ဌါန်းတရားတော်
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Monday, December 26, 2011
ဘ၀ အနန္တ
အနန္တ ဘဝ
လူဘ၀ တလျှောက်လုံး
တစုံ တယောက် တစုံတဦး အား
မျှော်နေ သလိုလို
ချစ်နေ သလိုလို
လွမ်းဆွတ်နေ သလိုလို
သတိရနေ သလိုလို
တွေ့ ဆုံလိမ့် မယ် ထင်နေတတ်ကြတယ် ၊
တနေ့ နေ့  တွေ့ နှိုးနှိုးနဲ့ 
ခုတွေ့ ဆုံပြီး နေ သူများလည်း
ဒီခံစားချက်က လွန်မြောက် မသွား
အမှန်တကယ် တနင့် နင့်  ခံစားနေတတ်ကြတယ်
ဆုံးပဲ မဆုံးနှိင်ဘူး
ဘ၀တလျှောက်လုံး မသေမချင်း
ဒီခံစားချက် ပြီးမသွားဘူး ၊
ဘယ်သူမှန်း မသိ ဘယ်မှာလဲ မသိ
တကယ်စင်စစ်
ဘယ်သူလဲ တွေ့ မှမဟုတ်
တွေ့ ပြီးလဲ ထပ် ပြီးမျှော်နေအုံး မှာပါပဲ ၊
ဒါဟာ သံသရာမှာ
ကျင်လည်ခဲ့ သော ဘ၀ပေါင်းများစွာ
တွေ့ ဆုံ ခဲ့ ရသူပေါင်း အနန္တ
ချစ်ခဲ့  ရသူပေါင်း အနန္တ
ခင်မင်ခဲ့  ရသူပေါင်း အနန္တ
သိကျွမ်းခဲ့ ရသူပေါင်း အနန္တ
မုန်းသီးခဲ့  ရသူပေါင်း အနန္တ
ရန်သူ ပေါင်း အနန္တ
ကွေ့ ကွင်း ခွဲခွါခဲ့  ရသူပေါင်း အနန္တ . . .
သူတို့  သူတို့  အား
ပြန်ပြီး လွမ်းဆွတ်နေ
အမှတ်ရနေ သတိရနေ တဲ့ 
သံသရာ တလျှောက်လုံး က စိတ်အစဉ်
သက်သက် ပါ ။ ။
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Saturday, December 17, 2011
တယောက်တည်း
"အိမ်ယာတည်ထောင်သော လူ့ ဘောင်၌ နေသူများကို လည်းကောင်း
တချို့ သော ရသေ့  ရဟန်းများ ကိုလည်းကောင်း
ကျေနပ်အောင်ချီးမြင့် ရန် မလွယ်ကူပေ၊
ထိုကြောင့်  သူတပါး သားသမီးများ၌ အပေါ်
ကြောင့် ကြ ဗျာပါရ စိုက်ထုတ်ခြင်း မပြုပဲ
ကြံချို ကဲ့ သို့  တယောက်တည်း လွတ်လပ်စွာ နေနှိင်အောင်
ကျင့် ကြံ အားထုတ်သင့်  ပေသတည်း။"
(ပဋကတ် အနှစ်ချုပ် သုတ္တနိပါတ် ၃၄။၃၅)
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Sunday, June 26, 2011
626
တဘ၀ တခဏ
အကြောင်းစုံညီ ဖြစ်တည်ခဲ့ရ
အမိ နဲ့  သား၊
အတူနေနေ့ ရက် မများလှ
ရှိစဉ် တသင်္ဂ
အကြောင်းကျိုး သက်ဝင် . . . အမှား အမှန် မြင်စေ . . .
အကြီးမြတ်ဆုံး ဥစ္စာ ကမ်းခဲ့ ၊
၃၁ ၀ဲလည်
ခန္ဓာ မချုပ်ငြိမ်း သေးသမျှ
အရာမရောက် လျှပ်တပြတ် ပြုစု ခြင်းနဲ့ အတူ . . .
ပြုမိမှား . . . ဆိုမိမှား . . .တွေး ထင်မိမှား . . .ခဲ့ သမျှ
အစဉ် ရှိခိုးတောင်းပန် နေပါတယ်၊ ။
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Sunday, September 12, 2010
မင်းလူမဖြစ်သေးဘူး
သူ့ အရွယ်နဲ့ သူ
မင်းကို ငါစောင့် ကြည့် ခဲ့ 
ပြောဆိုလို့ ခက် ပြန်မပြောနားမထောင်
ခလေး ဘ၀ မင်းအပြုမှု
အကျင့် နာမည် အပျက်မဟုတ်
အကောင်းကြီးလဲ မပါ
ဆိုးတော့ မဆိုး ကျေနပ်တယ်..၊
လူလတ် အရွယ်
မဆိုးပါဘူး သာမန် လူသား
ကိုယ်ခြေ ပေါ်
ဟန်လုပ်တာတော့ မဟုတ်တန်ရာ
မင်းဆီက မမျှော်
မင်းဘ၀ မင်းရပ်တည် ရှင်သန်နှိင်တာ
ဖြေသာပါတယ်..၊
တွေ့ ကြုံ အခက် မငြီး အပှု မကပ်
မဆိုးဘူး ငယ်ငယ်ကလို ခေါင်းမာတုန်း
တွေးခေါ် စိတ်ထား သိတတ်တယ် ပဲ ဖြေမိတယ်..၊
ဒါပေမဲ့ မင်း
လူဘ၀အခြေခံ လိုတဲ့ နေရာ
သူအရွယ်နဲ့ သူ ဖြစ်စဉ်အားလုံး
သဘာဝတရား သိသိရက်နဲ့  မင်းမလုပ်နှိင်
လူဘ၀ဖြစ်စဉ်
အချိန်ကုန် ကျော်လွှား ကြာကြာလာတော့ 
မင်းလူမဖြစ်သေးဘူး..။
06 April 2008 02:12am + 03 Sep 2010 11:34pm
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Thursday, August 19, 2010
ငါ သိရှိနိင်စွမ်း မရှိတဲ့  ပညတ်
ငါ
မွေးချင်းတွေ များများကြား
ရွှေမျိုးတွေ များများကြား
အသံပေါင်း စုံ နားထောင်ရင်း
လူတွေကြား လူတွေ နဲ့  ဝေးဝေးသွားသလို
ခလေးဘ၀ စတင်ခဲ့ တယ်...၊
ငါ
ခံစားလွယ်တာ လား
"လူဘ၀ဆိုတာ တကယ့် တကယ်တော့ ဘာဆို ဘာမှမထူးပါဘူး"
ခပ်ကြောင်ကြေင် အသိနဲ့ 
မငိုရဘူး မရယ်ရဘူး မျက်နှာကို စာသင်ခန်းထဲ
ဘာမပြော ညာမပြော ဆရာမရဲ့ duster ပစ်ပေါက်ခံရင်း
အများနည်းတူ ပုံမှန်ကလေးဘ၀ ကျော်ဖြတ်ခဲ့ သူ...၊
ငါ
လူ့ ဘ၀ဘယ်လို ရပ်တည်ဖို့ အသံများစွာ ကြား
အမှားယွင်းတွေ ရှောင်ရှားရင်း
ကာလတော် များများကြီး ကုန်ဆုံး ခဲ့ တယ်...၊
ငါ
မွေးဖွား - ကြီးပြင်း - မျိုးဆက်ပွား - သေဆုံး ဆိုတဲ့ 
ခန္ဓာ ငါးပါးနဲ့  လူတယောက်
အချိန်တွေ တော်တော်လေး နောက်မကျခင်
သတ္တလောက ဖြစ်စဉ်အတိုင်း ကြုံဆုံ ခဲ့ မှတော့ 
အကောင်းဆုံး နေထိုင် အသက်ရှင်ဖို့  တနေ့ ရည်စူး ရုန်းကန်ရင်း
ကာလတော် များများကြီး ကုန်ဆုံး ခဲ့  တယ်...၊
ငါ
အကောင်းဆုံး ဆိုတာဘာလဲ
ဝိရောဓိ ကွဲပြားတဲ့  လူသား ဖြစ်စဉ်အတိုင်း
"ရတာကို ရပိုင်ခွင့် ထင်ပြီး ..ခံယူတတ်ပေမဲ့  ပြန်ပေးဖို့ မေ့ နေတတ်တယ်
မခံစားတတ် - မခံယူတတ်
မစားသုံးတတ် - မတုန့် ပြန်တတ်ဘူး" ဆိုတဲ့ အသံ များများတွေနဲ့ အတူ
တနေ့ တော့ လည်း ဟိုငယ်ငယ် ချိန်က duster ပစ်ပေါက်ခံခဲ့  ရချိန်လိုလို
အမိဝမ်းက ထွက်လာခါစ လိုလို
ရှိရှိသမျှ အရာအားလုံး ဗလာနတ္တိ နီးနီး နဲ့  လွင်စင့် သွားပြန်တယ်...၊
ငါ
"လူဘ၀ဆိုတာ တကယ့် တကယ်တော့ ဘာဆို ဘာမှမထူးပါဘူး"
ဒီ ခန္ဓာ မပြိုပျက် သေးသ၍ အသံတွေ အသံတွေ ကြား
လွတ်လွတ်လပ်လပ် မထိမ်ချန် မကွယ်ဝှက်
ဖြစ်ဖြစ်သမျှ ကျန်ဘ၀အချိန်ကို အကောင်းဆုံး ဖြတ်တန်း ရင်း
"ပျှော်ရွှင်မှု" ဆိုတာဘာလဲ ဆိုတာ တွေးတောရင်း
အသက် ဆက်ရှင်သန် သွားရပါအုံးမယ်...၊
ငါ
တကယ်လို့ များ ဘ၀ ၀ဋ္ဋ်ကြွေး
ပေးဆပ်စရာ ကြုံတွေ့ ရင်လည်း
ဆပ်ခဲ့ ရတာပေါ့ ...၊၊
အစွန်းရောက် @ Sal Lant စောမွန်လှ စေတီအနီး
24 April 2010 4:15 pm
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Friday, May 21, 2010
တခါက ငါ့ အိမ်မက်
တခါက ငါ့ အိမ်မက်
တခါက အိမ်မက်ဆိုး
ငါ လူ ခန္ဓာလွတ်လပ်ပေမဲ့ 
နေ့ ည ခေါင်း မီးတောက် နေပေမဲ့ 
သူ တယောက်စိက် ဆင်းရဲ သက်သာဖို့ ရာ
အေးဆေး ဘာမဆို အဆင်ပြေ ပါ တယ် . . .
ငါအဆင် ပြေအောင် ရုန်းနှိင် ပါ့ မလား
ညည အိပ်မရ လန့် လန့် နှိုးတဲ့ 
ညတွေ နေ့ တွေ
နေ့ မရှိ ညမရှိ ...
နေ့ ချိန် ညချိန် အချိန်မှီ ပြေးလွှား
ဇီးသံပုရာ နဲ့ လေလား
သုံးမျိုးရော ကျောက်ကျော လေလား
ဒိန်ချည်လေလား
ကြံရည်လားပေါ့ 
မပြက် ကွက်ခဲ့ ပါ တနေ့ တည မှ...
အချိန်တန် နှုတ်ဆက် အိမ်ပြန်နောက်
နောက် နေ ထွက် မှာ စိုးကြောက်တယ်
ပြာသနာတွေ ရှင်းနိင်ဖို့  လိုတယ် အချိန်တွေ
ရန်တွေ ရန်တွေ ရပ်နေဖို့ အချိန်ကို
ရပ်နေ စေချင်ခဲ့  ...
အော် မတရား
သူ့  အချိန် မြန်မြန်ကုန်
ဒီအချိန် မြန်မြန် လွန်မြောက်ပါစေ ...
တနေ့ 
သေကြ ရမယ် လို့  လူတွေသိနေပေမဲ့ လည်း
တကယ် တကယ် မထင်မှတ်ချိန်မျိုးက ပိုတုန်လူပ် စေမြဲ
ငါ့ အိပ်မရ လန့် လန့် နှိုးတဲ့ ည
သူ ရင်က ည ည အမှန်သိမြင်ရချိန် . . .
ဒါပေမဲ့  သေတာပဲလား
ပေါတာကြီးလား
ငါ မည်သည့် အမှန်ဖြစ်စဉ်ကိုမဆို ရင်ဆိုင်ဆဲပါ ...
ငါ နေ့ ချိန် ညချိန် အချိန်မှီ ပြေးလွှား
ဇီးသံပုရာ နဲ့ လေလား
သုံးမျိုးရော ကျောက်ကျော လေလား
ဒိန်ချည်လေလား
ကြံရည်လားပေါ့ 
မပြက် ကွက်ခဲ့ ပါ တနေ့ တည မှ...
အရာရာ မပြောင်း
အားငယ်ဆဲပါ အားပေးမြဲပါ
သေလူ ပေါတာကြီး ငါ လည်း
အိမ်မက်ဆိုးတွေ ဆက်နေမြဲပါ
မေ ၂၁ တဲ့ 
မေ ၂၁ ငါ နှိုးထ နိင်ကောင်းရဲ့ ...
အိပ်မက် နှိုးထနိင်ခဲ့ တယ်လား
တနှစ်ပြည့်  တော့ ခဲ့  ပြီ
သို့ ပေငြား ညည အိပ်မရ အမွေဆိုးတွေ ရိုက်ခက်ဆဲ ...၊၊
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Never Ending Story မရိုးနှိင်သော အမှန်တရား
(နှစ်ပတ်လည်)
(SMS 23:34 on 21 May 2009)
Taung pan par tal, yuu nay tet nga ko, thway yuu thway tan pyit nay tat,
thake khar kya pe yin kya nay tet nga ko htat ma lote lite par net.
E' lo lote kya yin,. Nga atwat no more choice .. thay sayar bal shi tot dal ..
out side life mhar ma pyaw naing tat nga ko sate kuu yin khwint lay pay htar lite par.
"တောင်းပန်ပါတယ် ရူးနေတဲ့ ငါကို သွေးရူး သွေးတန်း ဖြစ်နေတယ်
သိခါ ကျ ပြီးရင်း ကျနေတယ် ငါကိုထပ် မလုပ်လိုက် ပါနဲ့ 
ဒီလိုလုပ်ကြရင် ငါအတွက် no more choice သေစရာဘဲ ရှိတော့ တယ်
outside life မှာမပျော် နိင်တဲ့  ငါကို စိတ်ကူးယဉ်ခွင့်  လေးပေးထားလိုက်ပါ " . . တဲ့ 
"စိတ်ကူးယဉ် တယ်ဆိုတာ တဦး တယောက်တည်းရဲ့  သူ့ စိတ် အတွင်းကအဖြစ်" လို့ အရင်က
မှားယွင်းစွာ သိရှိခဲ့ တယ် ...
အချစ်မှာ လွတ်လပ်တယ် ခွင့် တောင်းရတာ ဆိုတာမကြားဖူးပါ
ယုံကြည်မှုဟာ အင်အားတဲ့ . . . ခံစားချက်ချင်း မျှဝေ နိင်တာ
လူတိုင်း တွေ့ ကြုံ နိင်တဲ့ အရာမဟုတ်ပါ အချစ်တွက် အမှန်ကိုရဲရဲ ရင်ဆိုင်
အိမ်မက်ဟာ စိတ်ကူး မဟုတ်သလို ... ဘ၀ဟာလည်း စိတ်ကူး မဟုတ်ပါ
ဒီတယောက် နဲ့ ဆို ဘ၀မှာ ပျော်စရာ မရှိတော့ တဲ့ နောက်...
တယောက် ပျော်နှိင်လည်း တယောက် တော်သေးတာပေါ့ 
ဒီလိုလည်း စိတ်ကူးယဉ် နေစရာမလိုတော့ ဘူး
ဘာလို့  ဒီလိုပဲ တသက်လုံး စိတ်ကူးယဉ် နေရမှာလဲ ??
အသိုင်းဝန်း ဆိုတာလဲ တသီး ပုဂ္ဂလိက ဘ၀မှာ ဆုံးဖြတ်ပေးဖို့ အခရာ မဟုတ်ပါ
ဒီတယောက် ကိုငဲ့ တာ ဆိုတာမျိုးတော့  မဟုတ် လောက်ဘူး ထင်
နဂိုက မပျော်တတ်တဲ့ လူနဲ့  ဒီလို စိတ်ကူးယဉ် (နင့် အပြော)နေမဲ့  မင်းနဲ့ လဲ
ပျော်နိင်မယ် ထင်နေသလားပဲ
ဒါနဲ့ ပဲ နင်လည်း ငါကြောင့် မပျော်နိင် နင်လည်းဒီလိုနဲ့ ပဲ စိတ်ကူးယဉ်
၈ျာအေးသူ အမေရိုက် မုန်လုံးစက္ကူကပ် ဒီလိုနဲ့ ဘ၀ ဆုံးစရာ မလိုပါ
ဖုံးဖိလှည့် စားနေရင် တဦှး တယောက်မှ (တို့ ၂ယောက်မက) အကျိုးမရှိပါ
တကယ်ဆိုလည်း ဘာမဆိုင်သေးတဲ့  ငါတို့ 
ပတ်ဝန်းကျင်ဟာ အရမ်း အရေးပါပေမဲ့ 
တခါတလေတော့ လည်း ကိုယ့် ဘ၀ကို အလားပေးဆပ်ရ တတ်တယ်
ပျော်နိင် သူပျော်သင့် တယ် ..
တသက်လုံး ဒီလိုပဲ ဘာလို့  စိတ်ဆင်းရဲခံ နေရမှာလဲ ??
အသေချာက ကြုံခဲ့ တာတွေဟာ
အနည်းဆုံး ဘယ်သူနဲ့ ဖြစ်ဖြစ် သူစိတ်ချမ်းသာ ကိုယ်စိတ်ချမ်းသာ အောင်
အတူ နေထိုင် ရှင်သန်ချိန်မှာ ငါစွမ်းဆောင် နိင်မယ်လို့ ငါမယုံကြည်တော့ သလို ...
ကိုယ်မွေး လာမယ့် သား-သမီး နဲ့ တောင် သူစိတ်ချမ်းသာ ကိုယ်စိတ်ချမ်းသာနဲ့ 
အသက်ဆုံးတိုင် အတူ ရှင်သန်နိင်ပါ့  မလားဆိုတာ ကိုယ့် ကိုကိုယ် သံသဃ ဖြစ်မိတယ် ...
ရှေ့ လျှောက် ဘယ်လိုရှိမယ် ဆိုတာ မသိနိင်ပေမဲ့ 
သာမှန်သွေးသားနဲ့ လူတယောက်မို့ လည်း..
အချစ် ကိုသိသလိုလို ဆိုပေမဲ့ .. အချစ်တွေ ကိုကြောက်တယ်..
အသက်အရွယ်ကြောင့်  အရာရာပြန်စဖို့ သတ္တိကို စွန့် လွတ်လိုက်တယ်..
(နှစ်ပတ်လည်)
Ref: email တစောင်မှ - - -
From:
Date: 2009/5/22 at 11:49 AM
Subject: ဆိုင်ရာ...
To: xxxxxx@googlemail.com
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Sunday, February 14, 2010
ဒီနေ့  ၁၄ ဖေဖေါ်ဝါရီ
- ဒီနေ့  ၁၄ ဖေဖေါ်ဝါရီ
ဒီနေ့  ၁၄ ဖေဖေါ်ဝါရီ လေ..
ဒီနှစ်တော့  အသေချာ..
နှစ်ကိုယ်ကြား စကား ဖလှယ်ရန်ငြား ..အားတင်း ခဲ့ မိ..၊
အမြဲ တွေ့ ဆုံနေလည်း ပဲ... မအားတာများ...များရယ်...
အမြဲသူမ ပြောပြောနေ... အရေးကြီးတဲ့  အလုပ်ကိစ္စ ဆိုလားပဲ..
ရတဲ့ ချိန်လေးတိုင်း..အလုပ်ကြောင်းမှလွဲ ...
နှစ်ကိုယ် စကားပြောခွင့် ..ဘယ်ခါမျှ ကြုံ ခွင့် မရခဲ့ .. ၊
ဒီနေ့  ၁၄ ဖေဖေါ်ဝါရီ လေ..
ဒီနေ့ မျိုးတော့ ငါကံကောင်း လောက်ရဲ့ ..
အင်းနှစ်တွေမနည်းခဲ့ ပြီ.. ရှေ့ ဘ၀ဖေါ်တွက် မှန်ဖြစ်ငြားဆို..
ဒီနေ့ မျိုး မအားမှာတော့ မဟုတ်လောက်ရဲ့ ..
သို့ ပေငြားလည်း.. အိမ်မှာမရှိတဲ့ ..
တထင့် ထင့် နဲ့  ..ထင်ခဲ့ တိုင်းပါပဲ လား.. ပေါ့ ..၊
ဒီနေ့ ၁၄ ဖေဖေါ်ဝါရီ လေ..
ယောင်္ကျားမှာဇွဲ...ဆုကျိက်တောင်း ..
သူမ အရေးကြီးတဲ့  အလုပ်ကိစ္စ မြန်မြန်ပြီးပါစေပေါ့ ..
သန်းခေါင်မကျော်ခင်..
သူမ အိမ်ပြန်ရောက်သင့် ငြား.. မျှော်ရင်း..
စမ်းချောင်း..မြေနီကုန်း ..လှည့် ပတ်.. မြို့ တပတ်..
၂-ပတ်.. ၃-ပတ် ..၄-ပတ်.. ယောင်္ကျားလုံလ.. ပတ်..
၃- ချက်တဲ့ ..
သူမ တယောက် အိမ်ပြန်ရောက် လမ်းမမြင်...
မိုးလင်းမဲ့ ညထင်..
သြော်...
သူမ အရေးကြီးတဲ့  အလုပ်ကိစ္စ ပြီးမြောက် အောင်မြင်ပါစေ..
ငါသည်လည်းပဲ.. အာရုံရောက်တော့ မယ်..
အိပ်မပျှော်နိင်တာ သေချာနေလည်း .. ပြန်ရုံပေါ့ ကွာ..၊
ဒီနေ့ ၁၄ ဖေဖေါ်ဝါရီ လေ ..
ဒီနေ့ ဟာ ကိုယ့်  နဲ့ မဆိုင်သောနေ့ ဆိုတာအမှန် သိခဲ့ ..
သိခဲ့ ပေမဲလည်း.. အများနည်းတူ..
အများက ဖေဖေါ်ဝါရီ ၁၄ ဆိုကြည်နှုးခြင်းအတိ မေ့ မရတတ်..
ငါကော၂၀၀၈ ၁၄ ဖေဖေါ်ဝါရီ ..?
ခေါင်းထဲမှာတော့ ဘ၀မှာ မကြုံချင်တဲ့ အကြောင်းတရား တခုသေချာခဲ့ ရဲ့ ..၊
ဒီနေ့ ၁၄ ဖေဖေါ်ဝါရီ လေ ..
Valentine's Day .တဲ့  အများကတော့ ..
ချစ်သူများနေ့  ဆိုလား ..ငါတော့ မသိ...
သူများနေ့  လေ..
၂၀၀၈ ၁၄ ဖေဖေါ်ဝါရီ နေ့ ည.. မှတ်ရရ ...
(တနှစ်ပြည့်  ၁၄ ဖေဖေါ်ဝါရီ ၊ ၂၀၀၉ တွင်ရေးသားခဲ့ ပါသည်)
ဒီနေ့ ၁၄ ဖေဖေါ်ဝါရီ လေ ..
- - - - - - - - - - - - - -
၂နှစ်ပတ်လည်... ၊
၁၄ ဖေဖေါ်ဝါရီ ၊ ၂၀၁၀..။ ။
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Wednesday, December 30, 2009
လမ်း
အိပ်မရဘူး မှုမှန်ဘ၀ ဘာမှမရှိ
ဟုတ်သေးရဲ့ လား အိပ်ဆေး
အစွမ်းမရှိ
ဒီဦးနှောက်ကို မင်းမကျော်နှိင်
တွေးပဲတွေးနိင်လွန်း အနာဂတ်
ဆွေးပဲ ဆွေးနိင်လွန်း ဘ၀ကံတရား
ဝဋ္ဋ်ကြွေးတော့  မဟုတ်တန်ရာ
တရားခံမရှိ
ဖြစ်သင့် လို့ ဖြစ်တာ ကျိုးကြောင်းရှိလဲ
ထွက်ပေါက်မရှိ
ပုထုဇဉ်လူသား အသိနဲ့ အရှိ
တထပ်တည်း မဖြစ်ငြားသော်
လက်ခံနှိင်စွမ်း ပြည့် မှီပါမှ
ဖြေသာတတ်မှာ ။
7 march 2008 02:05 am
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Saturday, October 31, 2009
တဆင့် လျှော့ 
အကောင်းဆုံးပြင်ဆင်ခဲ့ 
အများနဲ့ မတူ သီးခြားတွေး
ထူးတဲ့ ကောင်းကွက် ကိုယ့် အတွေးနဲ့ ကိုယ်
ကျင့် သားခံစား ခက်ခဲငြား
အတ္တမာန ကျော်ဖြတ်ခဲ့  အချိန်များစွာ..၊
လက်တွေ့ ဘဝ
ဘယ်လို ကံတရား
မနဲနှစ်တွေ ကောင်းနှိုးနှိုး နဲ့  ကုန်ဆုံး
သဲထဲရေသွန် ပေးဆက်ရခဲ့ ..၊
သွေးသား ဦးနှောက်
ပြောင်းပြန် အဆိုး ဦးတည်လိုစိတ်
တခါတခါ ရေစုန် မျှောချင်
သို့ ပေငြား တစုံတဦး ကြောင့် 
အဘယ်ကြောင့်  ပျတ်သုန်းအံနည်း..၊
မည်သိုပင်ဆိုစေ
ဒီနေ့  ဒီချိန် ဖြစ်ဖြစ် သမျှ
ငါဝေခွဲမရ ခံစားစိတ် နဲ့ ဦးနှောက်
အကောင်းဆုံး ကဘာလဲ
အပျော်ဆုံး ကဘာလဲ
ဘယ်လမ်းက အကောင်းဆုံးလဲ
ဆိုးပစ်လိုက်ချင်ချင်
သေချာတာတော့  အကောင်းဆုံး တော့ မဖြစ်ပြီ...။
30 Dec 2007 1:05 am
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Thursday, September 3, 2009
home sick
since 1984 .. i left..
mum
go around that is called life..
doesn't know how many time, fall down & get up.
just gone days by day..
i am still nothing..
still walking alone..
still can't see, where's the end ..
still don't know, what will be the next....
i can't go back to meet u,
even once in 5 years.
now almost 10...
i miss you mum.
_001
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Tuesday, September 9, 2008
အဖြစ်မှန်
ရင်ကအဖြစ်မှန်
အကြောက်ဆုံး အမှား
ပြင်လို.မရသော အမှား...
တာရှည် အခံဆုံး ကျေနပ်မူ သိစွမ်းဆိုင်ရာ ကျေနပ်မူ...
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Wednesday, September 3, 2008
Life
ယနေ့ 
ဆုတောင်း.. လွပ်မြောက်ခြင်း..
ဘ၀အစ..
အား.. ဘ၀..
အနှစ်ချုပ်..
Labels:
Share
သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .
Monday, September 1, 2008
中秋
中秋快乐
同样的祝福加同样不变的我
每年的这个时候,总想对你说-
无论你在哪里都不要忘记
我时刻都在为你祝福着!
祝你:
笑口常开 幸福安康
万事如意 好运连连
Labels:
Share
  Pervious post   »
1   2   3   4   5   6   7   8   9   10   posts list
HOME Top