သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .

Monday, September 3, 2012

အလောက ရသ

ရသ သည်
ရှိခဲ့ ခြင်း ရှိနေခြင်း ကြိုဖြစ်နှင့် ခြင်းမရှိ
ကာလ မှ ကင်းလွတ်ခြင်း သဘောရှိ၏
ထင်ရှားရှိပြီး  နေရာ ဒေသပေါ်မှီခြင်းမရှိ
နေရာဒေသ မှ ကင်းလွတ်ခြင်း သဘောရှိ၏
အလောကလွန် (လောကုတ္တရာ) သဘောဆောင်၏ ။

အလောက ရသ စစ်စစ်သည်
အရှိ အမှန် (ဒုက္ခ) ကိုကြည့် ၏
ပိုင်းခြားသိကာ ကိုယ်တိုင် ငြိမ်းခြင်း(သန္တိသုခ)  ဖြစ်လာခြင်း
အဓမ္မ (ဒုစရိုက်) အပြီးရှောင်ခြင်း
ဓမ္မ (သုစရိုက်) အပြီးဆောင်ခြင်း တပြိုင်နက် ပြီးစီး၏ ၊

အလောက ရသ အတုသည်
ဇာတ်လမ်း (ဘ၀) ကိုကြည့် ၏
ဇာတ်ကောင်ကဲ့ သို့ မိမိကိုယ်တိုင် ဖြစ်လာခြင်း
မှုလ ဇာတ်ကောင် အမှုအကျင့် ဆောင်ခြင်း
ဆန့် ကျင်ဘက် ဇာတ်ကောင် အမှုအကျင့် ရှောင်ခြင်း တပြိုင်နက် ပြီးစီး၏ ။
            ကိုး-ရသစာပေ၏ ရသ (ဦးရွှေအောင်)

" အသက် တနှစ် ကြီးလာပြန်ပေါ့ " ဟုဆိုကြ၏
နှိုင်းယှဉ်ခြင်းနင့်  ကား မှန်၏
အကျွနှုပ် အသက် "တနှစ်" ကြီးလာ၏
အနှိုင်းနင့် တူတူ ကြာလာခြင်း သဘောဆောင်၏

အချိန်သည် သူ့ သဘောသူဆောင်၏
အရာရာတိုင်း သူ့ သဘောသူဆောင်၏
ယခင် ယခု နောင် လည်းကောင်း
သူ့ သဘောသူ ဖြစ်ပျက် နေလိမ့် ၏ ။ ။

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< asoonyouk page


  Pervious post   »
1   2   3   4   5   6   7   8   9   10   posts list
HOME Top