ငါ သိရှိနိင်စွမ်း မရှိတဲ့  ပညတ်
ငါ
မွေးချင်းတွေ များများကြား
ရွှေမျိုးတွေ များများကြား
အသံပေါင်း စုံ နားထောင်ရင်း
လူတွေကြား လူတွေ နဲ့  ဝေးဝေးသွားသလို
ခလေးဘ၀ စတင်ခဲ့ တယ်...၊
ငါ
ခံစားလွယ်တာ လား
"လူဘ၀ဆိုတာ တကယ့် တကယ်တော့ ဘာဆို ဘာမှမထူးပါဘူး"
ခပ်ကြောင်ကြေင် အသိနဲ့ 
မငိုရဘူး မရယ်ရဘူး မျက်နှာကို စာသင်ခန်းထဲ
ဘာမပြော ညာမပြော ဆရာမရဲ့ duster ပစ်ပေါက်ခံရင်း
အများနည်းတူ ပုံမှန်ကလေးဘ၀ ကျော်ဖြတ်ခဲ့ သူ...၊
ငါ
လူ့ ဘ၀ဘယ်လို ရပ်တည်ဖို့ အသံများစွာ ကြား
အမှားယွင်းတွေ ရှောင်ရှားရင်း
ကာလတော် များများကြီး ကုန်ဆုံး ခဲ့ တယ်...၊
ငါ
မွေးဖွား - ကြီးပြင်း - မျိုးဆက်ပွား - သေဆုံး ဆိုတဲ့ 
ခန္ဓာ ငါးပါးနဲ့  လူတယောက်
အချိန်တွေ တော်တော်လေး နောက်မကျခင်
သတ္တလောက ဖြစ်စဉ်အတိုင်း ကြုံဆုံ ခဲ့ မှတော့ 
အကောင်းဆုံး နေထိုင် အသက်ရှင်ဖို့  တနေ့ ရည်စူး ရုန်းကန်ရင်း
ကာလတော် များများကြီး ကုန်ဆုံး ခဲ့  တယ်...၊
ငါ
အကောင်းဆုံး ဆိုတာဘာလဲ
ဝိရောဓိ ကွဲပြားတဲ့  လူသား ဖြစ်စဉ်အတိုင်း
"ရတာကို ရပိုင်ခွင့် ထင်ပြီး ..ခံယူတတ်ပေမဲ့  ပြန်ပေးဖို့ မေ့ နေတတ်တယ်
မခံစားတတ် - မခံယူတတ်
မစားသုံးတတ် - မတုန့် ပြန်တတ်ဘူး" ဆိုတဲ့ အသံ များများတွေနဲ့ အတူ
တနေ့ တော့ လည်း ဟိုငယ်ငယ် ချိန်က duster ပစ်ပေါက်ခံခဲ့  ရချိန်လိုလို
အမိဝမ်းက ထွက်လာခါစ လိုလို
ရှိရှိသမျှ အရာအားလုံး ဗလာနတ္တိ နီးနီး နဲ့  လွင်စင့် သွားပြန်တယ်...၊

ဒီ ခန္ဓာ မပြိုပျက် သေးသ၍ အသံတွေ အသံတွေ ကြား
လွတ်လွတ်လပ်လပ် မထိမ်ချန် မကွယ်ဝှက်
ဖြစ်ဖြစ်သမျှ ကျန်ဘ၀အချိန်ကို အကောင်းဆုံး ဖြတ်တန်း ရင်း
"ပျှော်ရွှင်မှု" ဆိုတာဘာလဲ ဆိုတာ တွေးတောရင်း
အသက် ဆက်ရှင်သန် သွားရပါအုံးမယ်...၊
ငါ
တကယ်လို့ များ ဘ၀ ၀ဋ္ဋ်ကြွေး
ပေးဆပ်စရာ ကြုံတွေ့ ရင်လည်း
ဆပ်ခဲ့ ရတာပေါ့ ...၊၊
အစွန်းရောက် @ Sal Lant စောမွန်လှ စေတီအနီး
24 April 2010 4:15 pm

Labels: asoonyouk post