သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုမည်၏. . .

Monday, December 26, 2011

ဘ၀ အနန္တ

အနန္တ ဘဝ


လူဘ၀ တလျှောက်လုံး
တစုံ တယောက် တစုံတဦး အား
မျှော်နေ သလိုလို
ချစ်နေ သလိုလို
လွမ်းဆွတ်နေ သလိုလို
သတိရနေ သလိုလို
တွေ့ ဆုံလိမ့် မယ် ထင်နေတတ်ကြတယ် ၊

တနေ့ နေ့  တွေ့ နှိုးနှိုးနဲ့ 
ခုတွေ့ ဆုံပြီး နေ သူများလည်း
ဒီခံစားချက်က လွန်မြောက် မသွား
အမှန်တကယ် တနင့် နင့်  ခံစားနေတတ်ကြတယ်
ဆုံးပဲ မဆုံးနှိင်ဘူး
ဘ၀တလျှောက်လုံး မသေမချင်း
ဒီခံစားချက် ပြီးမသွားဘူး ၊

ဘယ်သူမှန်း မသိ ဘယ်မှာလဲ မသိ
တကယ်စင်စစ်
ဘယ်သူလဲ တွေ့ မှမဟုတ်
တွေ့ ပြီးလဲ ထပ် ပြီးမျှော်နေအုံး မှာပါပဲ ၊

ဒါဟာ သံသရာမှာ
ကျင်လည်ခဲ့ သော ဘ၀ပေါင်းများစွာ
တွေ့ ဆုံ ခဲ့ ရသူပေါင်း အနန္တ
ချစ်ခဲ့  ရသူပေါင်း အနန္တ
ခင်မင်ခဲ့  ရသူပေါင်း အနန္တ
သိကျွမ်းခဲ့ ရသူပေါင်း အနန္တ
မုန်းသီးခဲ့  ရသူပေါင်း အနန္တ
ရန်သူ ပေါင်း အနန္တ
ကွေ့ ကွင်း ခွဲခွါခဲ့  ရသူပေါင်း အနန္တ . . .

သူတို့  သူတို့  အား
ပြန်ပြီး လွမ်းဆွတ်နေ
အမှတ်ရနေ သတိရနေ တဲ့ 
သံသရာ တလျှောက်လုံး က စိတ်အစဉ်
သက်သက် ပါ ။ ။

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< asoonyouk page


  Pervious post   »
1   2   3   4   5   6   7   8   9   10   posts list
HOME Top